ဆန်းဒါးလန်း ၀ – ၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)

2.2K
ဒီဇင်ဘာ ၃၀ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက အဝေးကွင်းမှာ ဆန်းဒါးလန်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
လီဗာပူးက တိုက်စစ်မှူး ဘန်တီကီရဲ့ ၄၆ မိနစ်မှာသွင်းတဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားတာပါ။
ဒီပွဲကို အဝေးကွင်းမှာ ကစားရတာ ဖြစ်ပေမယ့်လည်း လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရခဲ့ပါတယ်။
အခုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူး ကွင်းလယ်ကစားသမား ကန်က ရရှိသွားပါတယ်။
ပွဲကြပ်ကာလအတွင်း နိုင်ပွဲဆက်နေတဲ့ လီဗာပူးဟာ အမှတ် ၃၀ နဲ့ အဆင့် ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဆန်းဒါးလန်းကတော့ ၁၂ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။