ကျောက်ပန်းတောင်းတွင် မီးလောင် (ရုပ်သံ)

1.7K
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောင်ပန်းတောင်းမြို့ မြို့မကွက်သစ်ရပ်ကွက် ရန်ပြည်မန်းလမ်းမကြီးပေါ် ဦးထွန်းရွှေ လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်မှာ ဒီဇင်ဘာ ၃၀ ရက်ည ၈ နာရီခွဲလောက်က ဘတ္ထရီအားသွင်းရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ကျောက်ပန်းတောင်း မီးသတ်စခန်းမှ မီးသတ်ယာဉ် ၇ စီး၊ မီးသတ်သမား ၂၇ ဦး၊ အရန် ၅၀ လောက်နဲ့ မီးငြှိမ်းသတ်ခဲ့တာကြောင့် ည ၉ နာရီမှာ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၃ ခန်းမီးလောင်သွားခဲ့ပြီး မီးသတ်ဦးစီဌာနရဲ့ ခန့်မှန်းခြေအရ ပျှမ်းမျှ ကျပ်ငွေ ၆ သိန်းခွဲဖိုး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ကျောက်ပန်းတောင်းရဲတပ်ဖွဲ့စခန်းက ပုဒ်မ၂၈၅ အရ ဆိုင်ခန်းငှားရမ်းနေထိုင်သူကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ရိုက်ကူး - အာကာမင်း