စစ်လက်နက်ဈေးကွက်ကို အမေရိကန် ဆက်လက်ထိန်းချုပ်

1.1K
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ စစ်လက်နက်ရောင်းချမှု အမြင့်ဆုံးနိုင်ငံတခု ဖြစ်နေဆဲဖြစ်တယ်လို့ နယူးယောက်ခ်တိုင်းမ်သတင်းစာက ရေးပါတယ်။
၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံဘိုးရောင်းရပြီး ကမ္ဘာ့လက်နက်ရောင်းချမှု တခုလုံးရဲ့ တ၀က်ကျော်ဖိုးကို ထိန်းချုပ်ထားပါတယ်။ အဓိကဖောက်သည် နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျနဲ့ ကာတာနိုင်ငံတို့ဖြစ်ပါတယ်။
ရုရှားနိုင်ငံက ဒုတိယအရောင်းရဆုံး နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရပါတယ်။ ဆွီဒင်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ၊ ပြင်သစ်က ၄ ဒသမ ၄ ဘီလီယံနဲ့ တရုတ်က ၂ ဒသမ ၂ ဘီလီယံဒေါ်လာဘိုး အသီးသီးရောင်းခဲ့ရပါတယ်။
အဓိက၀ယ်ယူတဲ့နိုင်ငံတွေထဲက တောင်ကိုရီးယားက ဒေါ်လာ ၈ ဘီလီယံနီးပါး စစ်အသုံးအဆောင်တွေကို အမေရိကန်ပြည်ထောင်စုထံက အများစု ၀ယ်ယူခဲ့ပါတယ်။ အီရတ်နိုင်ငံကလည်း ဒေါ်လာ ဘီလီယံ ၇ သန်းကျော်ဖိုး လက်နက်ဝယ်ယူခဲ့သလို ဘရာဇီးလ်နိုင်ငံက ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံဖိုး ၀ယ်ယူခဲ့ပါတယ်။