A d v e r t i s e m e n t With Us

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏သက်တမ်းကို သမ္မတသက်တမ်းအတိုင်းထားရန် ဥပဒေကြမ်း တင်သွင်း

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ အစောပိုင်းက  ပြည်သူ့ လွှတ်တော်သက်တမ်းနဲ့ညီရမယ်ဆိုတဲ့ ပြဌာန်းချက်နေရာမှာ   သမ္မတရာထူး သက်တမ်းနဲ့အညီ အဖြစ် ပြောင်းလဲဖို့ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းပါတယ်။ ၂၀၁၂ မှာပြဌာန်းခဲ့တဲ့ ရပ်/ကျေးအုပ်ချုပ်ဥပဒေပုဒ်မ အပိုဒ် ၉ အရ လာမယ့် ပြည်သူ့လွှတ်တော်ဟာ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်တော့မှာဖြစ်လို့ ရပ်၊ကျေး အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ တစ်လတာအတွင်း အုပ်ချုပ်ရေးမှူးအပြောင်းအလဲကို  အလောသုံးဆယ် ဆောင်ရွက်ရ တာကြောင့်၊ တချိုမြို့နယ်နဲ့ ရပ်ကွက်နှင့် ကျေးရွာတွေမှာ မတည်ငြိမ်မှုတွေ ဝေဖန်ပြောကြားစရာတွေ ဖြစ်နေတဲ့အတွက် ဥပဒေကြမ်းတင်သွင်းခဲ့တာလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။ ပြည်သူ့လွှတ်တော်သက်တမ်းဟာ လာမယ့် ၂၀၁၆ ဇန်န၀ါရီလ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး သမ္မသက်တမ်းကတော့ ၂၀၁၆ မတ်လ ၃၁ ရက်နေ့မှ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဥပေဒပြဌာန်းချက်အရ ရွာမိရွာဖ ၅ ဦးစီကို ရွေးပြီးတော့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေကို အဆင့်ဆင့်ရွေးချယ်မှာဖြစ်ပါတယ်။ မြို့နယ် ကြီးကြပ်တဲ့အဖွဲ့က ရာအိမ်မှူးတွေဆီကနေ အုပ်ချုပ်ရေးမှူးကို တခါထပ်ရွေးရမှာဖြစ်တာကြောင့် အောက်ခြေမှာ ဝေဖန်မှုတွေ ကြုံရတယ်လို့ ဆိုပါတယ်။ သူက “နံပတ်၁က လုံလောက်တဲ့အချိန်ရရှိအောင် ဒုတိယကတော့ အုပ်ချုပ်ရေးတခုရဲ့ အဓိက ယန္တယားမှာက အောက်ခြေရပ်ကျေးတွေက အင်မတန် အရေးကြီးပါတယ်။ အဲတော့ ပြည်ထောင်စုအစိုးရအသစ်တွေအနေနဲ့ ရွေးချယ်တဲ့နေရာမှာလည်း ညွန်ကြားမှူးတွေ မူဝါဒတွေဘာတွေလည်း ထိုက်သင့်တာရှိသင့်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ အဲလိုပြင်ဆင်နိုင်အောင်လို့ လုံလောက်တဲ့အချိန်ရရှိဖို့ နိုင်ငံတော်သမ္မတ သက်တမ်းအတိုင်း ကျနော်တို့က လုပ်ဆောင်တာဖြစ်ပါတယ်။ ” ဒီဥပဒေမူကြမ်းကို လွှတ်တော်အသီးသီးက အတည်ပြုပြီး သမ္မတထံ ပေးပို့ အတည်ပြုချက်ရ ယူရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up