၂၀၁၆ ခုနှစ်တွင် အိုင်အက်စ်များကို အပြီးရှင်းလင်းမည်ဟု အီရတ်ဝန်ကြီးချုပ် ပြော

ဓာတ်ပုံ - ရိုက်တာ
1.4K
အီရတ်ဝန်ကြီးချုပ်က အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်တွေကို လာမယ့် ၂၀၁၆ ထဲမှာ အပြီးရှင်းလင်းမယ်လို့ အီရတ်အလယ်ပိုင်းက ရာမာဒီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့အပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် အယ် အဘာဒီက နိုင်ငံကိုပြောကြားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ အိုင်အက်စ် အကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မွန်ဆိုလ်မြို့ကို ပြန်လည်သိမ်းပိုက်မှာဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်တွေအတွက် နောက်ဆုံးမြို့ပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ဆွန်နီအာရပ်အများစု နေထိုင်တဲ့ ရာမာဒီမြို့ဟာ အီရတ်အလယ်ပိုင်းက မဟာဗျူဟာကျတဲ့ မြို့တမြို့ဖြစ်ပြီး အခုလို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဟာ အီရတ်စစ်တပ်အတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်သလို အိုင်အက်စ် အကြမ်းဖက်တွေ အတွက်တော့ အထိနာတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဒီ ရာမာဒီမြို့ဟာ ပြီးခဲ့တဲ့မေလ အီရတ်စစ်တပ် ဖရိုဖရဲဖြစ်ခဲ့ချိန်မှာ အိုင်အက်စ် အကြမ်းဖက်တွေက သိမ်းပိုက်ခဲ့တာပါ။
ဒီ ရာမာဒီမြို့ကို အမေရိကန်နိုင်ငံက စစ်သင်တန်းပေးထားတဲ့ အီရတ်တပ်ဖွဲ့တွေနဲ့ ဒေသခံ ဆွန်နီတိုက်ခိုက်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ရက်သီတင်းပတ်တွေနဲ့ချီပြီး တဆင့်ချင်း ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တာပါ။