A d v e r t i s e m e n t With Us

လာဘ်ပေးလာဘ်ယူမှုဖြင့် အစ္စရေးဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၁၈ လ ချမှတ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုမတ်ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ် ၁၈ လ ချမှတ်ခံရပါတယ်။ အဆင့်နိမ့်တရားရုံးတရုံးက အဂတိလိုက်စားမှုနဲ့ ၂၀၁၄ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပေမယ့် အခုတော့ ဗဟိုတရားရုံးချုပ်က ထောင်ဒဏ်ကို လျော့ပေါ့ပေးလိုက်တာပါ။ ၀န်ကြီးချုပ်ဟောင်း အိုမတ်ဟာ ၂၀၀၆ ခုနှစ် အစ္စရေးဝန်ကြီးချုပ်တာဝန် မယူခင် ဂျေရုဆလင်မြို့တော်ဝန် ကာလအတွင်း အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စ လာဘ်စားမှုနဲ့ ရုံးတင်ခံရတာပါ။ ၂၀၀၉ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်က နုတ်ထွက်ရပြီး လက်ရှိဝန်ကြီးချုပ် နသန်ရာဟုကို ၀န်ကြီးချုပ်တာဝန် လွှဲပြောင်းပေးခဲ့ရပါတယ်။ အသက် ၇၀ ရှိပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း အိုမတ်ဟာ အခုလို ထောင်ဒဏ်အပြစ်ပေးခံရတာ ပထမဆုံး အစ္စရေးဝန်ကြီးချုပ် ဖြစ်လာပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြစ်ဒဏ် စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up