မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ ၄ ပတ်ခန့် နားရမည်

ဓာတ်ပုံ - ရိုက်တာ
1.1K
မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူရတော့မှာ ဖြစ်တယ်လို့ နည်းပြ ပယ်လီဂရီနီက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် ကွန်ပနီဟာ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ပွဲစဉ်ဖြစ်တဲ့ ဆန်းဒါးလန်းကို အနိုင်ရတဲ့ပွဲမှာ အချိန်ပိုင်း ၀င်ရောက်ကစားပေမယ့် ဒဏ်ရာ ထပ်မံရခဲ့ပါတယ်။
နောက်တန်းကစားသမားဖြစ်တဲ့ ကွန်ပနီဟာ ပေါင်ခြံဒဏ်ရာ ထပ်မံရတာ ဖြစ်ပါတယ်။
အရင်ရတဲ့ဒဏ်ရာနဲ့ အမျိုးအစားတူပေမယ့် နေရာမတူဘူးလို့ နည်းပြက ပြောပါတယ်။
ဘယ်ဂျီယံ လက်ရွေးစင်လည်းဖြစ်တဲ့ ကွန်ပနီဟာ ဒီနှစ်ရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရပြီး ၁၉ ပွဲမှာ ၁၁ ပွဲ လွဲချော်ထားပါတယ်။
လောလောဆယ်မှာတော့ မန်စီးတီးအသင်းဟာ ၃၆ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။