မယ်စကြ၀ဋ္ဌာကိုတင်ပြီး တုတ်တုတ်မောင်းသည့် ထိုင်းဝန်ကြီးချုပ်နှင့် ထူးခြားဓာတ်ပုံများ

4.9K
ဘန်ကောက်ပို့စ်သတင်းစာမှာ ၂၀၁၅ ခုနှစ် တနှစ်တာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲမှ ထူးခြားတဲ့ မှတ်တမ်းတင်သတင်းဓာတ်ပုံတချို့ကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
၁။ ဒီပုံကတော့ လာမယ့် ၂၀၁၆ ခုနှစ် ခရီးသွားရာသီ လှုပ်ရှားမှုအဖြစ် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာက တုတ်တုတ်သုံးဘီးကားမောင်းကာ ၂၀၁၅ မယ်စကြ၀ဠာ အနီပွန်းချလမ်ဘူရာန၀န်ကို နောက်မှာတင်ပြီး အစိုးရအိမ်တော်မှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
၂။ ဒီပုံကတော့ ထိုင်းနိုင်ငံ၊ ပတ္တယားလျှောက်လမ်းပေါ်က မူလဲန်ဟူးဂ်ျနဲ့ ခရေဇီရုရှားဂဲလ် ဘားတွေမှာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်နေကြတဲ့ ရုရှားနဲ့ ကာဇက်စတန်နိုင်ငံသား ဂိုး-ဂိုးအကမယ်တွေကို ထိုင်းရဲတွေက ဖမ်းဆီးချိန်မှာ ရိုက်ကူးခဲ့တာပါ။
၃။ ဒါကတော့ ဘန်ကောက်မြို့တော် ရဲဌာနဗျူရိုက ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ လမ်းပေါ်က ဆိုင်ကယ်စီး လမ်းသရဲအဖွဲ့တဖွဲ့ဆီက သိမ်းဆည်းရမိတဲ့ ရာနဲ့ချီတဲ့ ဆိုင်ကယ်တွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို ရိုက်ကူးထားခဲ့တာပါ။
၎။ ဒီပုံကတော့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှာ တပ်ဆင်ထားတဲ့ အလိုအလျောက် အ၀င်အထွက်စစ်ဆေးနိုင်တဲ့ အိပ်ပရက်စ်ချက်ခ်အင်စက်တွေမှာ ခရီးသွားတွေ လုပ်ဆောင်နေကြတာကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တွေ့ရပုံပါ။
၅။ ဒီပုံကတော့ ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးက ခိုတောင်ကျွန်း လူသတ်မှုမှာ မြန်မာနိုင်ငံသား ၂ ဦးဖြစ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သေမိန့်ချမှတ်လိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲလုပ်ချိန်မှာ ဟောပြောသူကို ပျက်ရယ်ပြုတဲ့ လူငယ်တဦးကို အမျိုးသား ဘာသာရေးထောက်ခံသူတချို့က လက်ကို လိမ်ချိုးနေပုံ ရိုက်ကူးခဲ့တာပါ။
၆။ ဒါကတော့ ရုရှား ဘဲလေးကချေသည် အော်လ်ဂါဆမာနိုဗာက ပြင်သစ်နိုင်ငံသား အကသမား ယဲန်းခရစ်စတို့ဖ်မေးလော့တ်နဲ့ မိုနာကိုနိုင်ငံမှာ ဖျော်ဖြေတင်ဆက်ခဲ့ပုံပါ။
၇။ တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ဂျီနန်းမြို့မှာ နှင်းဝေနေချိန် မိုးပျံတံတားတွေပေါ်က အပြာရောင်မီးတွေနဲ့ ရှုခင်းကို မြင်ရပုံပါ။
၈။ ဒီပုံကတော့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းခွင်တခုမှ အလုပ်သမားတဦးဟာ ဓာတ်အားလိုင်းပြုပြင်ရေး လုပ်ငန်းခွင်တခုမှာ ရိုက်ကူးထားခဲ့တာပါ။ အိန္ဒိယနိုင်ငံဟာ လူဦးရေတိုးနှုန်း မြင့်တက်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် စွမ်းအင်သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတွေထဲမှာ တခုအပါအ၀င်ဖြစ်ပြီး ပြည်တွင်းစွမ်းအင်သုံးစွဲမှု မလုံလောက်တဲ့အတွက် ပြည်ပကပါ တင်သွင်းသုံးစွဲနိုင်ဖို့ တွန်းအားပေးနေရတာပါ။
၉။ တရုတ်နိုင်ငံ၊ ရှန်ဇီးခရိုင်၊ ရန်ချန်းမြို့မှာ ကျင်းပတဲ့ ခွေးအချင်းချင်း သတ်ပုတ်တိုက်ခိုက်ကြတဲ့ ပြိုင်ပွဲမှာ ပရိသတ်တွေက အားပေးနေကြပုံပါ။
၁၀။ ဒီပုံကတော့ ဗြိတိန် ရော့ခ်ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ မော်တာဟက်ဒ်အဖွဲ့မှ အီရန်ဖရေဆာ လန်မီကီမိုင်စတာရဲ့ ဒိန်းမတ်နိုင်ငံဖျော်ဖြေပွဲမှာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၄ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ သူဟာ ကင်ဆာရောဂါနဲ့ အသက် ၇၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါပြီ။
သတင်းဓာတ်ပုံ - ဘန်ကောက်ပို့စ်