A d v e r t i s e m e n t With Us

စပိန်ဘုရင့်ဖလားမှ ထုတ်ပယ်ခံထားရသည့် ရီးရဲလ်အသင်း အယူခံ ပယ်ချခံရ

စပိန်ဘုရင့်ဖလားကနေ ထုတ်ပယ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အယူခံဝင်ခဲ့ပေမယ့် စပိန်တရားရုံးက ထပ်မံပယ်ချလိုက်ပါတယ်။ စပိန်ဘုရင့်ဖလားကို ၁၉ ကြိမ်ထိ ရရှိထားတဲ့ ရီးရဲလ်အသင်းဟာ ဒီဇင်ဘာ ၂ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ တောင်ပံလူ ချယ်ရီရှက်ဗ်ကို ထည့်သွင်းကစားခဲ့တာကြောင့် ပြိုင်ပွဲက ထုတ်ပယ်ခံထားရတာ ဖြစ်ပါတယ်။ လက်ရှိ စပိန်လာလီဂါ အမှတ်ပေးဇယားမှာတော့ ရီးရဲလ်အသင်းဟာ ဘာစီလိုနာ၊ အက်သလက်တီကိုတို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up