A d v e r t i s e m e n t With Us

ဆီးရီးယားရှိ ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့ဟု ရုရှား ပြော

ဓာတ်ပုံ - ရိုက်တာ
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်က ရုရှားလေယာဉ်တွေဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဆီးရီးယားနိုင်ငံထဲက ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက်က ပြောလိုက်ပါတယ်။ ဂျက်လေယာဉ် ပျံသန်းမှု ၁၆၄ ကြိမ်အတွင်း ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး ဆာဂီ ရုဒ်စကွိုင်က ဒီဇင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲထဲမှာ ပြောလိုက်တာပါ။ ခရစ္စမတ်နေ့က အလက်ပို၊ အိဒလစ်ဘ်၊ လာတာကီယာ၊ ဟားမား၊ ဟုမ်း၊ ဒမတ်စကတ်၊ ဒဲယ်အဲ့ဇောနဲ့ ရက်ကာမြို့တွေက အကြမ်းဖက်ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ရုရှားလေကြောင်းက ပယ်မစ်ရာမြို့ကို စီးနင်းနေတဲ့ Free Syrian Army တပ်ဖွဲ့ ကန္တာရခြင်္သေ့ (Desert lions) နဲ့ ကာလာမန် (Kalamun) တပ်တွေကို ပံ့ပိုးပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ရုရှားက ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ် အာဆတ်ကို ပံ့ပိုးတဲ့အနေနဲ့ စက်တင်ဘာ ၃၀ ကစပြီး အကြီးစား လေကြောင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တာပါ။ ကုလသမဂ္ဂက လတ်တလော ဆီးရီးယားရဲ့ ၅ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးစားတဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ စစ်ပွဲမှာ ပါဝင်သူအားလုံးကို ဇန်နဝါရီ ၂၅ ရက်နေ့ ဂျီနီဗာမှာ စုစည်းနိုင်ဖို့ ကြိုးစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up