A d v e r t i s e m e n t With Us

သရေရလဒ်ကြောင့် ရာသီဝက် ချန်ပီယံဖြစ်ခွင့်နှင့်လွဲခဲ့သည့် လက်ဆက်စတာစီးတီး (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် လက်ဆက်စတာစီးတီးနဲ့ မန်စီးတီးတို့ ဒီဇင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျသွားပါတယ်။ လက်ဆက်စတာအသင်းဟာ ဒီပွဲအနိုင်ရရင် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ပြီး ရာသီဝက် ချန်ပီယံဖြစ်ခွင့်ရမှာ ဖြစ်ပေမယ့် သရေကျပြီး တမှတ်သာရခဲ့လို့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး လူစုံထုတ် ကစားခဲ့ကြသလို မန်စီးတီးက အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်မှာလည်း မန်စီးတီးက ၂၁ ကြိမ်၊ လက်ဆက်စတာက ၁၁ ကြိမ် ရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကို မသွင်းယူနိုင်ခဲ့ကြဘဲ ပွဲအပြီးမှာ ဂိုးမရှိသရေရလဒ်နဲ့ တမှတ်စီ ခွဲယူလိုက်ရပါတယ်။ ဒီပွဲစဉ်အပြီးမှာ လက်ဆက်စတာစီးတီးအသင်းက ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ မှာ ရပ်တည်နေပြီး မန်စီးတီးက ၃၆ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up