A d v e r t i s e m e n t With Us

ဂီနီကို အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒဗလျူအိပ်ခ်ျအို ကြေညာ

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အီဘိုလာရောဂါ အသည်းအသန် ဖြစ်ပွားခဲ့တဲ့ အနောက်အာဖရိကနိုင်ငံ ၃ နိုင်ငံထဲက ဂီနီနိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိပ်ခ်ျအို) က အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါနဲ့ သေဆုံးသူ ၂၅၀၀ ကျော်ရှိခဲ့ပြီး အိမ်နီးချင်း ဆီရာယာလီယွန်းနိုင်ငံနဲ့ လိုင်ဘေးရီးယားနိုင်ငံ နှစ်နိုင်ငံပေါင်းမှာတော့ သေဆုံးသူအားလုံး ၉၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဆီရာယာလီယွန်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက အီဘိုလာကင်းစင်နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ပါတယ်။ စက်တင်ဘာလက လိုင်ဘေးရီးယားနိုင်ငံကို  အီဘိုလာကင်းစင်နိုင်ငံအဖြစ် ကြေညာခဲ့ပေမယ့်လည်း နောက်ပိုင်း ရောဂါထပ်မံကူးစက်မှုတွေ ရှိခဲ့ပါတယ်။ ဒီ အီဘိုလာရောဂါ ဖြစ်ပွားတဲ့ နိုင်ငံတွေမှာ ရောဂါပျိုးကာလ ၂၁ ရက်၊ နှစ်ခုဆက် ၄၂ ရက်ကြာတဲ့အထိ နောက်ထပ် ရောဂါကူးစက်မှုအသစ်တွေ မရှိတော့ဘူးဆိုရင် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒဗလျူအိပ်ခ်ျအိုက ကြေညာပေးပါတယ်။ အီဘိုလာရောဂါကင်းစင်နိုင်ငံအဖြစ် ဂီနီနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဒဗလျူအိပ်ခ်ျအိုက ဒီဇင်ဘာ ၂၉ ရက် ကြေညာပေးခဲ့တဲ့အချိန်မှာ ရောဂါဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး နိုင်ငံ့စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ ထိခိုက်ခဲ့တဲ့အတွက် ဂီနီနိုင်ငံသားတွေမှာ ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ကြရပါတယ်။

A d v e r t i s e m e n t With Us

More News
Up