A d v e r t i s e m e n t With Us

တရုတ်တွင် ဗီယက်နမ်နိုင်ငံသားတဦးကို တသက်တကျွန်း ပြစ်ဒဏ်ချ

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ဇူဟိုင်းမြို့ ဒေသတွင်း တရားရုံးတခုက ဗီယက်နမ်နိုင်ငံသားတဦးကို တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇူဟိုင်းအလယ်တရားရုံးရဲ့ အဆိုအရ အသက် ၂၅ နှစ်အရွယ် ဆာအိုအမည်ရ အဲဒီအမျိုးသားဟာ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံသားတဦးနဲ့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုကြောင့် လူသတ်မှုကျူးလွန် သံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး တသက်တကျွန်းပြစ်ဒဏ်နဲ့ နစ်နာကြေး လျော်ကြေး ယွမ်ငွေ ၃၈၇၅၁ ဒသမ ၆ ပေးဆောင်ခဲ့ရတာပါ။ ဆာအိုဟာ တရုတ်နိုင်ငံထဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ ၀င်ရောက်လာခဲ့တာဖြစ်ပြီး ဇူဟိုင်းခရိုင်၊ ဒိုမန်အရပ်က ဘိုင်ကျိုမြို့မှာ ဆေးဝါးစက်ရုံ စတင်လုပ်ဆောင်ခဲ့တာလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ သူ့ကို တရုတ်နိုင်ငံသား နာမည်တုနဲ့ ဆေးဝါးစက်ရုံလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်  လုပ်နိုင်ဖို့ကို စက်ရုံမန်နေဂျာဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် အက်ဂန်အမည်ရ တရုတ်နိုင်ငံသားက အကူအညီပေးခဲ့တာလို့ ဆိုပါတယ်။ အက်ဂန်ဟာ ဆာအိုဆီကနေ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှာ ငွေချေးယူခဲ့ပြီး ပြန်ပေးဖို့ ရွှေ့ဆိုင်းခဲ့တဲ့အတွက် ဆာအိုက သူ့ကို သစ်သီးလှီးဓားနဲ့ ရင်ဘတ်ကို ထိုးခဲ့တာပါ။ ဆာအိုကို ဗီယက်နမ်အပြန် ဇူဟိုင်းမြို့ ဘတ်စ်ကားမှတ်တိုင်မှာ ဖမ်းမိခဲ့တယ်လို့ တရားရုံးက  ပြောပါတယ်။ ဆက်လက်စုံစမ်းမှုတွေအရ အဲဒီဆေးဝါးစက်ရုံမှာ ဗီယက်နမ်နိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်းလုပ်သား အများအပြားကို ငှားရမ်းအသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up