A d v e r t i s e m e n t With Us

မော်ဒယ် အေးချမ်းမြတ်မိုး သတ်မှုဖြင့် တရားစွဲခံရသူကို ထောင်ဒဏ် ၁၀ နှစ်ချ

ဓာတ်ပုံ - ayechanmyatnoe facebook
မော်ဒယ် အေးချမ်းမြတ်မိုးကို သတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ အံ့ဖြိုးပိုင်ကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အနောက်ပိုင်းခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အံ့ဖြိုးပိုင်ကို အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ) နဲ့ စွဲချက်တင် စစ်ဆေးခဲ့ပေမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ အပြီးသတ် အမိန့်ချရာမှာတော့ ပုဒ်မ ၃၀၂(၂) နဲ့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်က ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာမှာ နေထိုင်တဲ့ မော်ဒယ် အေးချမ်းမြတ်မိုးကို တရပ်ကွက်တည်းနေထိုင်တဲ့ အံ့ဖြိုးပိုင်က ဓားနဲ့ထိုးခဲ့လို့ သေဆုံးသွားခဲ့တာပါ။ အခုလို တရားရုံးစီရင်ချက်ဖြစ်တဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တဲ့ အပေါ်မှာတော့  တရားလိုဘက်က မကျေနပ်လို့    အယူခံအဆင့်ဆင့် တက်မယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up