အတိုက်ခံရမှုကြောင့် လမ်းလယ်မြောင်းထဲ ထိုးကျသည့် ဗင်ကား (ရုပ်သံ)

1.7K
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ရှို့ကျန်းမြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဗင်ကားတစီးဟာ ကွေ့ကားတစီးနဲ့ တိုက်မိခဲ့ပြီး မြောင်းထဲကို ထိုးကျခဲ့ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်မှာ လမ်းဆုံလမ်းခွ လမ်းတဘက်မှ ကွေ့လာတဲ့ကားက အဲဒီဗင်ကားကို ဖြတ်တိုက်မိပြီး လမ်းအလယ်က မြောင်းထဲကို ထိုးကျသွားခဲ့တာ တွေ့ရပါတယ်။
ကံကောင်းထောက်မစွာပဲ ကားမောင်းသူဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။