A d v e r t i s e m e n t With Us

ကဘူးမြို့တော်လေဆိပ် အသေခံကားဗုံးခွဲမှု အရပ်သား ၁ ဦး သေဆုံး (ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်လေဆိပ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက အသေခံကား ဗုံးခွဲတိုက်ခိုက်မှုမှာ အရပ်သားတဦးသေဆုံးသွားတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောဆိုပါတယ်။ နေတိုးနဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေဆိပ်အ၀င်ဂိတ်နားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တာလီဘန်အကြမ်းဖက်တွေက သူတို့ရဲ့ လက်ချက်လို့ တာဝန်ခံကြေညာထားပါတယ်။ ခါတိုင်းနှစ် အခုလိုဆောင်းရာသီတွေမှာ တာလီဘန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အရှိန်ကျသွားလေ့ ရှိပေမယ့် အခုနှစ်မှာတော့ နိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနဲ့ ကဘူလ်းမြို့တော်မှာပါ တိုက်ခိုက်မှုအရှိန် တိုးမြှင့်နေတယ်လို့ ဒေသခံအာဖဂန်သတင်းတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမဖြစ်ခင် တရက်ကမှ ပါကစ္စတန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ရဟလ် ရှရစ်က ကဘူးလ်မြို့တော်ကို လာရောက်ပြီး တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးသွားတာပါ။ လာမယ့်နှစ် ဇန်န၀ါရီလမှာ အမေရိကန်၊ တရုတ်နိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ ၄ နိုင်ငံ ပူးပေါင်းပြီး ငြိမ်းချမ်းရေးလမ်းပြမြေပုံရေးဆွဲရေး ညီလာခံကျင်းပမယ်လို့ အာဖဂန်သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း ဘာဂရမ် အမေရိကန်လေတပ်စခန်းအနီး အာဖဂန်-နေတိုးစစ်ယာဉ်တန်းဟာ အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီး အမေရိကန်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up