ဆီးရီးယားသူပုန်စခန်းမှ သူပုန်နှင့် မိသားစုဝင်များကို စတင်ကယ်ထုတ်

လက်ဘနွန်နယ်စပ်က ဆီးရီးယားသူပုန် နောက်ဆုံးခံတပ်စခန်းကနေ သူပုန်တွေနဲ့ မိသားစုဝင်တချို့ကို နှစ်ဘက်သဘောတူညီမှုနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ကယ်ထုတ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ခရီးသည်တင် ဘတ်စ်ကားတွေ၊ လူနာတင်ယာဉ်တွေ ရောက်ရှိလာကြပြီး သူပုန်တွေကို ဘေရွတ်မြို့အထိ သယ်ထုတ်သွားမှာဖြစ်ပြီး အဲဒီကနေ တူရကီနိုင်ငံကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီ သူပုန်ကျေးရွာကို ဆီးရီးယားအစိုးရနောက်ခံ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေရဲ့ အ၀ိုင်းခံ ပိတ်ဆို့ခံထားရတာဖြစ်ပြီး အခုလို ကယ်ထုတ်ဖို့ ဆီးရီးယားစစ်တပ်နဲ့ ဆီးရီးယားသူပုန်အဖွဲ့တွေက သဘောတူညီမှု ရရှိခဲ့တာပါ။ တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံ အစ်ဒလစ်ပြည်နယ်က ဆွန်နီသူပုန်တွေ အ၀ိုင်းခံထားရတဲ့ ရွာ ၂ ရွာက မိသားစုဝင်တွေကိုလည်း တူရကီနိုင်ငံကို ကယ်ထုတ်နေပြီး နောက်ဆုံး ဘေရွတ်မြို့တော်ကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်အတွင်း အခုလို အောက်ခြေ အပစ်အခတ်ရပ် သဘောတူညီမှုတွေ နေရာအလိုက် ရရှိနေကြပေမယ့် အားလုံးပါဝင်တဲ့ သဘောတူညီမှုကတော့ မရရှိကြပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up