ဒရုန်းယာဉ်ဖြင့် ပထမဆုံး မှတ်တမ်းတင်သည့် တရုတ်ရဲ ကားသူခိုးဖမ်းသည့် ရုပ်သံ

515
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းခရိုင်၊ ဇီယန်းမြို့၊ ရဲဌာနဟာ သံသယရှိသူ တရားခံတဦးနောက်ကို လိုက်ဖမ်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဒရုန်းယာဉ်အသုံးပြုပြီး ပထမအကြိမ်အဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။
အဲဒီတရားခံဟာ ကားသူခိုးဂိုဏ်းခေါင်းဆောင်လို့ ရဲတွေက သံသယရှိနေသူဖြစ်ကြောင်း စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရဲတွေဟာ သူခိုးထားတဲ့ ကားတွေထဲက တစီးရှိတဲ့ နေရာကို ဂျီပီအက်စ်စနစ်မှတဆင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခြေရာခံမိခဲ့တာပါ။
သံသယရှိတဲ့ တရားခံဟာ ပြီးခဲ့တဲ့ လေးလကျော်ကာလအတွင်းမှာ ကားစီးရေ ၆၇ စီးလောက် ခိုးယူခဲ့ဖွယ်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။