A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ် ၀တ်ဖို့ ၁ – ၂ စပါး (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် ဒီဇင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်တဲ့ ၀တ်ဖို့နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပွဲစဉ်မှာ စပါးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ၀တ်ဖို့က နသန် အကီ (Nathan Ake) ပွဲချိန် ၆၃ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ၀တ်ဖို့တို့ တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ စပါးအတွက် ဂိုးတွေကို ပွဲချိန် ၁၇ မိနစ်မှာ လာမယ်လာ (Erik Lamela) နဲ့ ၈၉ မိနစ်မှာ ဆွန်ဟောင်မင် (Heung-Min Son) တို့က သွင်းယူပေးခဲ့ပါတယ်။ ၀တ်ဖို့အတွက် ချေပဂိုးကိုတော့ ၄၁ မိနစ်မှာ အစ်ဂ်ဟာလို (Odion Ighalo) က သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်အပြီးမှာ စပါးအသင်းက ရမှတ် ၃၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ၀တ်ဖို့ကတော့ ၂၉ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။ ဒီဇင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးယားလိဂ် ကျန်ပွဲစဉ်တွေမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆွမ်ဆီးက ဂိုးမရှိသရေ၊ နောဝစ်ခ်ျက ဗီလာကို ၂ ဂိုး ဂိုးမရှိ၊ ၀က်စ်ဘရွန်းက နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိ၊ ၀က်စ်ဟမ်းက ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးရလဒ်တွေ အသီးသီး ထွက်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up