ဂိုးအပြန်အလှန်သွင်းပြီး ရှုံးနိမ့်သွားသည့် အဲဗာတန် (ရုပ်သံဟိုက်လိုက်)

3.1K
ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် အဲဗာတန်နဲ့ စတုတ်စီးတီးတို့ ဒီဇင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ တဘက်နဲ့ တဘက် ဂိုးအပြန်အလှန်သွင်းပြီး စတုတ်က ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
စတုတ်စီးတီးအသင်းဟာ ဒီဇင်ဘာ ၂၆ ရက်ပွဲစဉ်မှာ နာမည်ကြီး မန်ယူကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့သလို အခုပွဲမှာလည်း အဝေးကွင်းမှာ ကစားရပေမယ့် အဲဗာတန်ကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့တာပါ။
စတုတ်အတွက် ဂိုးတွေကို ၁၇ မိနစ်နဲ့ ၄၅ မိနစ်မှာ ရှာကီရီ (Xherdan Shaqiri) က ၂ ဂိုး၊ မိနစ် ၈၀ မှာ ဂျို့စ်လူး (Joselu) က ၁ ဂိုးနဲ့ မိနစ် ၉၀ မှာ အာနော်တိုဗစ် (Arnautovic) က ပယ်နယ်တီမှတဆင့် ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲဗာတန်အတွက် ဂိုးတွေကိုတော့ ၂၂ မိနစ်နဲ့ ၆၄ မိနစ်မှာ လူကာကူ (Romelu Lukaku) က ၂ ဂိုး၊ ၇၁ မိနစ်မှာ ဒီလိုဖူ (Gerard Deulofeu) က ၁ ဂိုး သွင်းယူပေးခဲ့တာပါ။
ဒီပွဲစဉ်အပြီးမှာ စတုတ်စီးတီးအသင်းက ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန်ကတော့ ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။