ခန္ဓာကိုယ်ကို ၁၈၀ ဒီဂရီ လှည့်ပြနိုင်သည့် စူပါအကြောပျော့ ကလေးငယ် (ရုပ်သံ)

4.3K
ဆာဂျီယို တာပီယာ အမည်ရ လူတဦးဟာ ခန္ဓာကိုယ်ကို ၁၈၀ ဒီဂရီ လှည့်ပြနိုင်တဲ့ စူပါအကြောပျော့ ကလေးငယ်တဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ တင်ခဲ့ပြီးနောက် ရေပန်းစားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်မှာ ကလေးငယ်ရဲ့ဖခင်လို့ ထင်ရသူတဦးက ကလေးငယ်ရဲ့ခေါင်းကို တည့်မတ်ကိုင်ထားပေးပြီး မတ်တပ်ရပ်နေပုံကို မြင်ရပါတယ်။
အဲဒီနောက် သူဟာ ဦးခေါင်းကို အနေအထားမပျက်စေဘဲ ခန္ဓာကိုယ်ကို တခြားတဘက်ဆီ ၁၈၀ ဒီဂရီ လှည့်ပြခဲ့တာပါ။
ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဒီဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတချို့က ကင်မရာဘက်ကိုကြည့်ကာ ပြုံးဖြဲဖြဲအမူအရာနဲ့ သရုပ်ပြနေတဲ့ ကလေးငယ်ကို မကောင်းဆိုးဝါးတကောင်ကဲ့သို့ မှတ်ချက်ပေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကလေးငယ်ဟာ အဲဒီစတန့်ပြကွက် ပြုလုပ်ပြီးချိန်မှာ မျက်နှာမူရာဘက်ကို ခန္ဓာကိုယ် မူလအတိုင်း ပြန်လှည့်ပြခဲ့ပြီး ပွေ့ဖက်နှုတ်ဆက်နေပုံကို နောက်ဆုံးပိုင်းမှာ တွေ့ရပါတယ်။