A d v e r t i s e m e n t With Us

မန်ယူ သရေကျသော်လည်း အာဆင်နယ် နိုင်ပွဲပြန်တွေ့ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ဒီဇင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်ကစားရာ တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။ မန်ယူအတွက် ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို ချဲလ်ဆီးအသင်းဟာလည်း နည်းပြသစ် ဟစ်ဒင့်လက်ထက် ၂ ပွဲဆက် သရေကျပြီး နိုင်ပွဲမရသေးပါဘူး။ ဒီပွဲစဉ်မှာ အ၀ါကတ် ၆ ကြိမ်အထိ ပြသခဲ့ရပြီး မန်ယူကစားသမား ၄ ဦးနဲ့ ချဲလ်ဆီးအသင်းက ၂ ဦး အ၀ါကတ် အပြခံခဲ့ရတာပါ။ မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း ဂိုးဝင်တော့ မသွင်းနိုင်ခဲ့လို့ သရေပွဲနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲစဉ်အပြီး မန်ယူက ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီးကတော့ ရမှတ် ၂၀ နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ် နောက်တပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်တို့ ယှဉ်ပြိုင်ရမှာ အာဆင်နယ်က အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီဇင်ဘာ ၂၆ ရက်ညက ဆောက်သမ်တန်ကို ဂိုးပြတ်ရှုံးနိမ့်မှုကနေ ပြန်လည်ရုန်းထွက်နိုင်ကြောင်း ပြသခဲ့တာပါ။ ဒီပွဲမှာ နှစ်ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပေမယ့် အာဆင်နယ်အသင်းက ဂိုးကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၇ မိနစ်မှာ ဂါဘရီရယ် (Gabriel Paulista) နဲ့ ၆၃ မိနစ်မှာ အိုဇေးလ် (Mesut Oezil) တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် အာဆင်နယ်ဟာ ရမှတ် ၃၉ မှတ်နဲ့ တပွဲလျော့ လက်စတာအသင်းထက် တမှတ်အသာရပြီး အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘုန်းမောက်ကတော့ ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up