A d v e r t i s e m e n t With Us

ပြည်တွင်းစစ်ဖြစ်နေသည့် ဆီးရီးယားတွင် ခရစ္စမတ်လမ်းလျှောက်ပွဲ ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားမှာ ခရစ်ယာန် ဘာသာဝင်တွေဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က မြို့တော် ဒမတ်စကက်မှာ ခရစ္စမတ် လမ်းလျှောက်ပွဲတခုကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဒမတ်စကက်လမ်းတွေဟာ ၂၀၁၂ ခုနှစ် ပြည်တွင်းစစ် စတင်ကတည်းက မော်တာကျည်ဆန်တွေ ကျရောက် ပေါက်ကွဲနေခဲ့တာပါ။ ခရစ္စမတ် အထိမ်းအမှတ် လမ်းလျှောက်သူတွေ၊ မိသားစုတွေဟာ ကက်စာမြို့နယ်ထဲမှာ စုရုံးကြပါတယ်။ ဒမတ်စကက်မြို့ မြောက်ဘက်က မြို့နယ်တွေမှာ တပ်စွဲထားတဲ့ အစ္စလာမ္မစ် သူပုန်အုပ်စုရဲ့  ခေါင်းဆောင် ဇာဟရန် သေဆုံးသွားတဲ့ သတင်းကြောင့်လည်း သူတို့တွေ စိတ်သက်သာရာ ရနေကြပါတယ်။ အစ္စလာမ္မစ် သူပုန်အုပ်စုရဲ့ ခေါင်းဆောင် ဇာဟရန်ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ မြို့ခံတဦးဖြစ်တဲ့ ကလီနာ အိုရိုက "စစ်ကြောင့် သူ့ဘ၀မှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်၊ သူ့မိသားစုတွေအားလုံး ဆီးရီးယားမှာ မရှိကြတော့ဘူး" လို့ ပြောပြပါတယ်။ သတင်းတွေအရ သုံးနှစ်အတွင်း ဒမတ်စကက်မြို့မှာ မော်တာကျည်ဆံ ၅၀၀၀ လောက် ကျရောက်ခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up