A d v e r t i s e m e n t With Us

နှစ်ပေါင်း ၇၀ အတွင်း မြောက်ပိုင်းအင်္ဂလန်တွင် အဆိုးဆုံး ရေကြီးမှုကြုံတွေ့ (ရုပ်သံ)

နှစ်ပေါင်း ၇၀ အတွင်း အဆိုးဆုံး ရေကြီးမှုနဲ့ ကြုံနေရတဲ့ ၀က်စ်ယော့ရှီးယားဒေသဆီကို ဗြိတိသျှစစ်သား ၁၀၀ ကျော် ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီ ပေးနေပါတယ်။ မြောက်ပိုင်းအင်္ဂလန်မှာ ဒီရက်ပိုင်းအတွင်း စံချိန်တင် မိုးသည်းထန်ပြီး မြို့ကြီးမြို့ငယ်တွေမှာ ရေကြီးမှုနဲ့ ကြုံနေတာပါ။ မန်ချက်စတာ၊ ရိုခ်ျဒေး၊ လိဒ်မြို့တွေမှာလည်း ရေကြီးမှုနဲ့ ကြုံနေရပါတယ်။ ရေကြီးမှုဒဏ် အဆိုးဆုံး ကြုံနေရတဲ့ ၀က်စ်ယော့ရှီးယားနယ်မြေထဲကို နောက်ထပ် စစ်သားတွေ ပို့ပေးဖို့ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ညွှန်ကြားထားပါတယ်။ မိုးရေကြောင့် ဒီဇင်ဘာ ၂၈ ရက်မှာ အောက်စ်မြစ် (River Ouse) ရေလျှံနိုင်တယ်လို့ ဒေသကောင်စီကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ နေရာပေါင်း ၁၀၀ ကျော်အတွက် ရေကြီးမှု သတိပေးချက် ကြေညာထားပြီး ၂၄ နေရာမှာ အသက်အန္တရာယ်အထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ လျှပ်စစ်ဌာနက မီးပြတ်တောက်နေတာကို ပြန်လည် ပြင်ဆင်ပေးလိုက်လို့ အိမ်ခြေ ၁၈၀၀၀ လောက် ပုံမှန်ပြန်ဖြစ်နေပေမယ့် အိမ်ခြေ ၇၅၀၀၀ လောက်ကတော့ မီးပြတ်တောက်နေဆဲပါ။ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ပေါင် သန်း ၉၀၀ ကနေ သန်း ၁၃၀၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up