A d v e r t i s e m e n t With Us

အိမ်တွင်းအကြမ်းဖက်မှု အရေးယူမည့် ဥပဒေသစ် တရုတ်လွှတ်တော် အတည်ပြု

ဓာတ်ပုံ - အေအက်ဖ်ပီ
အိမ်တွင်းအကြမ်းဖက်မှုကို အရေးယူမယ့် ဥပဒေအသစ်ကို တရုတ်လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဒီဥပဒေ အကာအကွယ်အောက်မှာ တရားဝင် လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေလည်း အကျုံးဝင်ပါတယ်။ တရုတ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အရင်က ဥပဒေ မရှိခဲ့ပါဘူး။ အခုဥပဒေအသစ်မှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကနေ ဖိနှိပ်ချုပ်ချယ်မှုတွေအထိ အိမ်တွင်း အကြမ်းဖက်မှု ပုံစံမျိုးစုံကို တားဆီးထားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ လက်အောက်မှာ ဖွဲ့ထားတဲ့ အမျိုးသမီးသမဂ္ဂရဲ့ အဆိုအရ တရုတ်ပြည်မှာ အိမ်ထောင်ရှင် အမျိုးသမီးတွေထဲက ၄ ပုံ ၁ ပုံဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံနေရပြီး တိုင်တန်းထားတဲ့ အမှုပေါင်းကတော့ နှစ်စဉ် ၅၀၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ မနှစ်က အမှုတွေထဲမှာ ၉၀ ရာခိုင်နှုန်းကတော့ ခင်ပွန်းတွေက ဇနီးတွေကို အနိုင်ကျင့်တဲ့ ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဥပဒေအသစ်အရ လက်မထပ်ဘဲ အတူနေတဲ့ စုံတွဲတွေကိုလည်း အကာအကွယ် ပေးထားပေမယ့် လိင်တူစုံတွဲတွေ ကိစ္စကတော့ အကျုံးမ၀င်ဘူးလို့ ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဂိုလင်းမော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံမှာ လိင်တူစုံတွဲတွေကို တရားမ၀င် သတ်မှတ်ထားပြီး မြို့ကြီးတွေမှာ လိင်တူစုံတွဲတွေကို အတွေ့ရများလာပေမယ့် လိင်တူထိမ်းမြားခွင့်လိုမျိုး ဥပဒေတွေ ပေါ်ပေါက်လာဖို့ အခြေအနေကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up