ဆမွတ်ဆာခွန်းတွင် ဆေးဝါးစက်ရုံမီးလောင် (ရုပ်သံ)

1.2K
မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြားနေထိုင်တဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် ဆမွတ်ဆာခွန်းမြို့မှာ ဒီကနေ့ မနက် ၉ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ မီးလောင်တဲ့နေရာဟာ ဧရိယာအကျယ် တစ်ဧကကျော်တဲ့ TN M International Limited. တီအဲန်အမ် ဆေးဝါးထုတ်လုပ်ရေး စက်ရုံတစ်ခုမှာဖြစ်ပြီး မီးသတ်ကားပေါင်း အစီး ၂၀ နဲ့ အချိန် ၂ နာရီကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ ဆမွတ်ဆာခွန်း ကွန်မြူနတီသတင်းမှာ ဖော်ပြပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မသိရသေးကြောင်း၊ အသက် ၃၅ နှစ်ရွယ် အမျိုးသမီးတဦး မီးခိုးမွှန်တာကြောင့် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ စက်ရုံတာဝန်ရှိသူ အပြောကို ကိုးကားပြီးသတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - ခရက်တစ် ဆမွတ်ဆာခွန်း ကွန်မြူနတီသတင်း