A d v e r t i s e m e n t With Us

အီရတ်တပ်ဖွဲ့ဝင်များ အိုင်အက်စ် သိမ်းပိုက်ခဲ့သည့် မြို့လယ် အစိုးရရုံးဝန်းကို စတင်ဝင်ရောက် (ရုပ်သံ)

အီရတ်နိုင်ငံအလယ်ပိုင်းက ရာမာဒီမြို့လယ်ကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ အီရတ်တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က အိုင်အက်စ်အကြမ်းဖက်တွေ အခိုင်အမာခံတပ် ဖြစ်ခဲ့တဲ့ မြို့လယ်အစိုးရရုံးဝန်းထဲကို စတင်ဝင်ရောက်နိုင်ခဲ့ကြပါတယ်။ ရုံးအဆောက်အဦတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထောင်ချောက်ဆင်ထားတာတွေ၊ အသေခံ ဗုံးခွဲတိုက်ခိုက်တာတွေကို သတိထားပြီး တမြို့လုံးကို တဆင့်ချင်း သိမ်းပိုက်သွားမယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။ အခုတော့ အိုင်အက်စ် အကြမ်းဖက်တွေဟာ ရာမာဒီမြို့ အရှေ့မြောက်ဘက်ကို ဆုတ်ခွာသွားတယ်ဆိုတာ ယုံကြည်ရတယ်လို့ ဆိုပါတယ်။ တကယ်လို့ အီရတ်စစ်တပ်က ရာမာဒီမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ရင် ဒါဟာ ဘဂ္ဂဒက်မြို့တော်မြောက်ဘက်က တီကရစ်မြို့ပြီးရင် အိုင်အက်စ်အကြမ်းဖက်တွေ လက်ကနေ ဒုတိယသိမ်းပိုက်ရရှိတဲ့ မဟာဗျူဟာမြို့ကြီး ဖြစ်လာမှာပါ။ ရာမာဒီမြို့ကို ပြီးခဲ့တဲ့မေလက အီရတ်စစ်တပ် ဖရိုဖရဲဖြစ်ချိန်အတွင်း အိုင်အက်စ်အကြမ်းဖက်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး အီရတ်စစ်တပ်အတွက် ကြီးမားတဲ့ ထိုးနှက်မှုကြီးတခု ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up