A d v e r t i s e m e n t With Us

ပြိုကျသတ္တုတွင်းထဲ ပိတ်မိနေသည့် လုပ်သားများအတွက် အစားအစာပေးနိုင်ရန် အသက်ကယ်ပေါက် ဖောက်

ဓာတ်ပုံ - sbs.com.au
တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ သတ္တုတွင်းပြိုကျပြီး အထဲမှာ ပိတ်နေတဲ့ တွင်းလုပ်သားတွေဆီကို အစားအစာနဲ့ ရေပေးပို့ဖို့ ပထမဆုံး အသက်ကယ်ပေါက်ကို ဒီဇင်ဘာ ၂၇ ရက်နေ့က တူးဖောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပိတ်မိနေတဲ့ တွင်းလုပ်သားတွေကို အစားအစာ၊ ရေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ပေးပို့နိုင်ပြီလို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောဆိုပါတယ်။ ပိတ်မိနေသူ ၁၇ ဦးဟာ ၃ ဦး ၁ နေရာ၊ ၁၄ ဦး ၁ နေရာမှာ ပိတ်မိနေပြီး ၁၄ ဦးအဖွဲ့ကတော့ အခု အသက်ကယ်ပေါက် ဖောက်နိုင်တဲ့  နေရာနားမှာ ပိတ်မိနေတာပါ။ နောက်ထပ် ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေနဲ့ မြန်နှုန်းမြင့် လွန်တူးစက်တွေ ထပ်ရောက်လာပြီး တချိန်တည်း အသက်ကယ်ပေါက် ၄ ပေါက် တူးဖောက်ပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်မယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာတော့ ဒီသတ္တုတွင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူဟာ ရေတွင်းထဲခုန်ချပြီး မိမိကိုယ်ကို သေကြောင်းကြံသွားတယ်လို့ ကယ်ဆယ်ရေးဌာနချုပ်က ကြေညာချက်  ထုတ်ပြန်ပါတယ်။ လောလောဆယ် အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား ၇၀၀ လောက် အလုပ်သမားတွေ ကယ်ထုတ်နိုင်ရေး ကြိုးစားနေကြပြီး သတ္တုတွင်းပြိုကျရတဲ့ အကြောင်းရင်းကို မကြာခင် စုံစမ်းမယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up