ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီးနောက် ကစားသမားများကို အာစင်ဝင်းဂါး ဝေဖန်

ဓာတ်ပုံ - ရိုက်တာ
1.7K
သူ့ရဲ့ ကစားသမားတွေဟာ စိတ်နှစ်မြှုပ်ကစားခဲ့တာ မရှိဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆောက်သက်တမ်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေကို ဝေဖန်ပြောကြားလိုက်ပါတယ်။
စိန်ခေါ်မှုတော်တော်များများကို အရှုံးပေးခဲ့ရပြီး ဆောက်သက်တမ်အသင်းဟာ ကျနော်တို့ထက် ပိုကောင်းခဲ့ပါတယ်လို့လည်း ပြောဆိုသွားပါတယ်။
ထိပ်ဆုံးက လက်စတာစီးတီးအသင်း လီဗာပူးလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အာဆယ်နယ်အနေနဲ့ အနိုင်ရမယ်ဆိုရင် ဇယားထိပ်မှာ ရပ်တည်နိုင်ဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ဆောက်သမ်တမ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။