တောင်အမေရိကနိုင်ငံအချို့တွင် မိုးသည်းထန်ပြီး နှစ် ၅၀ အတွင်း အဆိုးဆုံးရေလွှမ်းမိုး (ရုပ်သံ)

1.1K
တောင်အမေရိကနိုင်ငံတွေဖြစ်ကြတဲ့ ပါရာဂွေး၊ အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ဘရာဇီးနိုင်ငံတို့မှာ အခုတပတ်အတွင်း မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး နှစ်ပေါင်း ၅၀ အတွင်း အဆိုးဆုံး ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့နေရပါတယ်။
အယ်နီညိုကြောင့် ဒီနိုင်ငံတွေမှာ မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီး အဓိကမြစ်ကြီး ၃ စင်း ရေလျှံ ရေလွှမ်းမိုးမှု ဖြစ်ခဲ့တာပါ။
ဒေသခံ ၁ သိန်း ၅ သောင်းကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရပြီး လူ ၆ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
အဆိုးဆုံးဖြစ်တဲ့ ပါရာဂွေးနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ဒေသခံ ၁ သိန်း ၃ သောင်းကျော် ရေဘေးသင့်ခဲ့တာပါ။
အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းမှာတော့ လူ ၂ သောင်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။
ဘရာဇီး-ဥရုဂွေး နယ်စပ်ဒေသတွေမှာတော့ မိုးပြတ်တော့မယ်လို့ ဒေသခံ မိုးလေ၀သဌာနက ကြေညာထားပြီး ပါရာဂွေးနဲ့ အာဂျင်တီးနားနိုင်ငံမှာတော့ ရေဆက်တက်လာဦးမယ်လို့ ခန့်မှန်းထားပါတယ်။