မက်ဆီကို အလိုရှိကြောင်း အင်တာမီလန်ဥက္ကဋ္ဌ ပြော

အင်တာမီလန်ဥက္ကဋ္ဌ အန်းရစ်တိုဟိုင်း။ (ဓာတ်ပုံ - ရိုက်တာ)
1.4K
အင်တာမီလန်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားလုပ်ငန်းရှင် အန်းရစ်တိုဟိုင်းက မက်ဆီကို အလိုရှိနေကြောင်း တွစ်တာကနေတဆင့် တရားဝင် ပြောကြားလိုက်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာနဲ့ ၂၀၁၈ ဇွန်လထိ စာချုပ်သက်တမ်း ရှိနေပါတယ်။
"ဘာကာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့တနေ့မှာ မက်ဆီဟာ ကျနော်တို့အတွက် အကြီးမားဆုံး ရွေးချယ်မှု ဖြစ်လာမှာပါ" လို့ ပြောဆိုလိုက်ပြီး သူတို့ရဲ့ မဟာဗျူဟာကတော့ အင်တာကို ကမ္ဘာ့အကောင်းဆုံး ၁၀ သင်းစာရင်းထဲဝင်ဖို့ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အင်တာမီလန်ဟာ ပြီးခဲ့တဲ့အပတ် လာဇီယိုကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပေမယ့်လည်း ဇယားထိပ်ကနေ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။