A d v e r t i s e m e n t With Us

၁၁ ထပ်မှပြုတ်ကျလာသည့် အမျိုးသမီးကို လူငယ်တဦး ဖမ်းယူကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟဘေးခရိုင်၊ အန်ရှီးမြို့မှာ အထပ်မြင့်အဆောက်အအုံ တခုရဲ့ ၁၁ ထပ်ကနေ ပြုတ်ကျလာတဲ့ အမျိုးသမီးတဦးကို လူငယ်တဦးက ဖမ်းယူခဲ့ပါတယ်။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ ဖန်နင်းအမည်ရ အဲဒီလူငယ်ဟာ ၉း၄၅ နာရီအချိန်မှာ အဆောက်အအုံရှေ့ကို ပြေးလာခဲ့ပြီး အပေါ်က ပြုတ်ကျလာတဲ့ အမျိုးသမီးကို ဖမ်းယူကယ်တင်ခဲ့တာကို တွေ့ရပါတယ်။ အပေါ်ကကျလာတဲ့အရှိန်ကြောင့် ဖန်ဟာ မြေပြင်ပေါ်ဒူးထောက်ကျသွားခဲ့ပြီး အနီးနားပတ်ဝန်းကျင်အကူအညီနဲ့ လမ်းဘေးကို ရွှေ့ခဲ့ရတာပါ။ ဖန်ဟာ အနီးနားအဆောက်အအုံဆီက အော်ဟစ်အကူအညီ တောင်းသံကြားခဲ့ချိန်မှာ စားသောက်ဆိုင်ထဲက ထွက်လာခဲ့တာဖြစ်ပြီး ၁၁ ထပ်မှ အမျိုးသမီးတဦးပြုတ် ကျလာတာကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။ “ကျနော် အဆောက်အအုံဆီပြေးသွားခဲ့ချိန်မှာ အဲဒီအမျိုးသမီးက ကျလာနေပြီ။ အဲဒါကြောင့် ကျနော်သူ့ကို ဖမ်းနိုင်ဖို့ အသင့်ပြင်ထားခဲ့တာ။ နောက်ဘာဆက်ဖြစ်တယ် မသိတော့ဘူး”လို့ ဖန်က ပြောပါတယ်။ ကံမကောင်းစွာပဲ အမျိုးသမီးဟာ အသက်သေဆုံးသွားခဲ့ပြီး ဖန်ကတော့ ဒူးဆစ် ထိခိုက်ဒဏ်ရာရရှိကာ တင်ပါးဆုံရိုးလွဲသွားခဲ့လို့ ဆေးရုံကိုပို့ ဆောင်ထားခဲ့ရတာပါ။ ဖန်ဟာ ၂၀၁၃ ခုနှစ်မှာ စစ်တပ်တွင်းဝင်ကာ ပညာသင်ကြားခဲ့ပြီး ပြီးခဲ့တဲ့ စက် တင်ဘာလမှာ မှ အမှုထမ်းခြင်းပြီးမြောက်ခဲ့တာပါ။ သူ့ရဲ့ပထမဆုံးအတွေ့အကြုံဟာ ကိုယ်ထိခိုက်မှာကို မပူပန်ပဲ အမျိုးသမီးတ ယောက်ရဲ့အသက်ကို ကယ်တင်လိုက်ရခြင်းပဲဖြစ်တယ်လို့ ဖန်က ဆိုပါတယ်။ “ကျနော် နောင်တမရပါဘူး။ ကျနော်သူ့ကို မကယ်တင်လိုက်နိုင်တဲ့အတွက်ပဲ ရှက်မိတာပါ။”

A d v e r t i s e m e n t With Us

More News
Up