မြန်မာလူငယ် ၂ ဦးအတွက် ဂျပန်ရောက်မြန်မာများ ဆုတောင်းပွဲလုပ် (ဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
December 27, 2015
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ဦးအပေါ် သေဒဏ်ချမှတ်ခံခဲ့တာနဲ့ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့နဲ့ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းပွဲကို ဂျပန်နိုင်ငံက အထင်ကရ ကမာကူရ ဘုရားကြီးမှာ ဂျပန်ရောက်မြန်မာလူငယ်တွေ ဦးဆောင်ပြီး ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
တိုကျိုမြို့ကနေ ၁ နာရီကျော်ရထားစီးရပြီး ခနဂ၀ ခရိုင်မှာရှိတဲ့ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိ ဂျပန်နိုင်ငံရဲ့ ဒုတိယ ဉာဏ်တော်အမြင့်ဆုံး ကမာကူရ ကြေးဆင်းတုတော်ဘုရားကြီးကို နိုင်ငံခြားသားတွေလည်း အများအပြားလာရောက်ကြသလို ဆုတောင်းရင်ပြည့်စုံတယ်လို့ မြန်မာနိုင်ငံသားတွေက ယုံကြည်တာကြောင့် အခုလို လာရောက် ဆုတောင်းပွဲပြုလုပ်တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။