A d v e r t i s e m e n t With Us

အကြောက်တရားကင်းမဲ့စွာ ရေမဆေးကျောက်ရှာဖွေသူများ (ရုပ်သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ပြီး စွန့်ပစ် မြေစာပုံပြိုကျတဲ့အတွက် လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သလို အခုဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုမှာ ကျောက်စိမ်းတူးဖော်ပြီး စွန်ပစ် မြေစာပုံပြိုကျတဲ့အတွက် လူ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။ ဒီရုပ်သံဖိုင်မှာတော့ ဘက်ဖိုးကားကြီးက စွန့်ပစ်မြေစာတွေ သွန်ချတာကို ရေမဆေးကျောက်ရှာဖွေသူတွေက  မြေစာပုံတွေရဲ့ အောက်ဘက် ဆင်ခြေလျောတလျှောက်မှာ အသက်အန္တရာယ်ကို မစိုးရိမ်ကြဘဲ ၀မ်းစာအတွက် အလုအယက် ရှာဖွေနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရုပ်သံ - ယမင်းဦး

A d v e r t i s e m e n t With Us

More News
Up