A d v e r t i s e m e n t With Us

အသင်းမှ ကိုယ်တိုင်နုတ်ထွက်မည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါး ပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ လူးဝစ်ဗန်ဂါးဟာ မနေ့က ကစားခဲ့ တဲ့ စတုတ်စီးတီးနဲ့ပွဲစဉ်မှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ သူ့အနေနဲ့ အသင်းကနေ ထုတ်ပယ်တာကို ခံမှာမဟုတ်ဘဲ သူကိုယ်တိုင်နုတ်ထွက်မယ်လို့ ပြောလိုက်ပါတယ်။ ၇ ပွဲဆက်တိုက် ၃ ပွဲသေရေ ၄ ပွဲ ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အချိန်မှာ အသင်းမှထုတ်ပယ်လိုက် မလားဆိုတဲ့ သတင်းမီဒီယာတွေရဲ့မေးခွန်းကို “ဒါဟာ ကျနော်နဲ့ အသင်းအမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ ဆွေးနွေးရမှာပါ။ ခင်ဗျားတို့နဲ့ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။ “တခါတရံမှာ ကျနော်လုပ်ရမယ့်အရာကို ကျနော်ကိုယ်တိုင်လုပ်ပါတယ်။ ကျနော်က ကျနော့်အသင်းဘုတ်အဖွဲ့တွေ၊ ကစားသမားတွေ၊ အဖွဲ့ဝင်တွေနဲ့သာ ပြောချင်တဲ့သူ တယောက်ပါ။” မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့အခြေအနေဟာ လက်ရှိအချိန်မှာ အုပ်စုထိပ်ပိုင်း ၄ နေရာကနေကျဆင်းခဲ့ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။ ဗန်ဂါးက “ဘုတ်အဖွဲ့နဲ့ ကစားသမားတွေရဲ့ ထောက်ပံ့ပေးမှုကို ကျနော်ခံစားမိပါတယ်။ ပရိသတ်တွေလည်း ၄ ပွဲဆက်တိုက်ရှုံးခဲ့ပြီးချိန်မှာ စိတ်ပျက်မိကြတာလည်း သဘာဝကျပါတယ်”လို့ပြောပါတယ်။ “အသင်းရဲ့ အခြေအနေဟာ ပိုကြီးမားတဲ့အခြေအနေနဲ့ ကစားရမယ်။ ကျနော်တို့ ဒါကို အဖြေရှာပြီး ထိထိရောက်ရောက်လုပ်နိုင်ဖို့လိုပါတယ်။” အသင်းခေါင်းဆောင် ၀ိန်းရွန်နေးအနေနဲ့လည်း အခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ အသင်းအတွက် ၂ ဂိုးသာသွင်းယူထားနိုင်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up