မူလတန်းကလေးငယ်ကို ရိုက်နှက်သည့်ဆရာမ ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ (ရုပ်သံ)

3.8K
တရုတ်နိုင်ငံက မူလတန်းကျောင်းတကျောင်းမှာ ဆရာမတဦးဟာ ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းလူမှုကွန်ရက်စာ မျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပါတယ်။
ဆဲလ်ဖုန်းနဲ့မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ ကလေးငယ်ကို ဆဲဆိုကြိမ်းမောင်းပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တာကို စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ လ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီဆရာမရဲ့ ပုံစံမမှန်တဲ့ အပြုအမူနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ ချမှုတွေ ဝေဖန်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။
ကလေးငယ်ဟာ အိမ်စာပြီးအောင် မလုပ်ခဲ့တဲ့အတွက် ခုလိုလုပ်ခဲ့တာလို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီဆရာမကို ဒေသတွင်းပညာရေးဆိုင်ရာဌာနက ခေါ်ယူ အပြစ်ပေးခဲ့ပြီး ကလေးငယ်ရဲ့မိဘတွေကို ပြန်လည်တောင်းပန်ခိုင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။