A d v e r t i s e m e n t With Us

နှစ်သစ်ကူးအကြို သီချင်းဖြင့် ဖျော်ဖြေခဲ့သည့် ထိုင်းဝန်ကြီးချုပ် (ရုပ်သံ)

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက နှစ်သစ်ကူးလက်ဆောင်အဖြစ် အစိုးရ ၀န်ကြီး တချို့နဲ့ သတင်းသမားတွေကို အစိုးရရုံးမှာ သီချင်း ဆိုပြခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့က အစိုးရ ၀န်ကြီးရုံးမှာ ပြုလုပ်တဲ့ နှစ်သစ်အကြိုပွဲမှာ လာရောက်တဲ့ ၀န်ကြီးတွေနဲ့ သတင်းသမားတွေကို သူကိုယ်တိုင်ရေးစပ်ထားတဲ့ သီးချင်းနဲ့ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ သီချင်းမဆိုခင်မှာ ထိုင်းဝန်ကြီးချုပ်က နိုင်ငံအတွက် ကူညီဆောင်ရွက်ပေးနေတဲ့  အစိုးရ ၀န်ထမ်းအားလုံး နဲ့ သတင်းသမားတွေကိုလည်း ကျေးဇူတင်ကြောင်း ထိုင်း PBS သတင်းမှာ ဖော်ပြထားပါတယ်။ ဒီနောက်မှာတော့ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး သီချင်းကို ၀န်ထမ်းတွေနဲ့အတူ ဖော်ျဖြေ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခုဆိုတဲ့ သီချင်းကိုလည်း ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် နှစ်သစ်ကူး လက်ဆောင်အဖြစ် ရေးဖွဲ့ထားတာ ဖြစ်ပြီး  သီချင်းခေါင်းစဉ်ကတော့ သင်ဟာ ထိုင်းနိုင်ငံဖြစ်နေတာကြောင့်လို့ အဓိပ္ပာယ်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up