Monday, June 5, 2023
HomeLead Storyမြန်မာလူငယ်နှစ်ဦးအရေး ထိုင်းဗိုလ်ချုပ်ကြီးဟောင်း လာဆွေးနွေးရန် စီစဉ်

မြန်မာလူငယ်နှစ်ဦးအရေး ထိုင်းဗိုလ်ချုပ်ကြီးဟောင်း လာဆွေးနွေးရန် စီစဉ်

ထိုင်းဘုရင်ရဲ့ အကြံပေးကောင်စီ အဖွဲ့ဝင်၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဟာ သေဒဏ်ပေးခံရတဲ့ မြန်မာလူငယ်နှစ်ဦး အရေး မြန်မာခေါင်းဆောင်တွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

သူဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်သလို မြန်မာ့အရေးကိစ္စ အတော်များများမှာ အကူအညီပေးဖူးသူဖြစ်လို့ မြန်မာ လူငယ်နှစ်ဦးသေဒဏ်နဲ့ ပတ်သက်ပြီး ကြားက ကူညီလုပ်ဆောင်ပေးဖို့ ချောင်းဦးအမတ် ဦးစောလှထွန်းက စီစဉ်လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဟာ မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်လာရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လာရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ  ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့ပြီး အဲ့ဒီနေ့ကစလို့ ၃ ရက်တိုင် မြန်မာပြည်အနှံ့က ပြည်သူတွေ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular