A d v e r t i s e m e n t With Us

မြန်မာလူငယ်နှစ်ဦးအမှု ပြန်သုံသပ်ပေးရန် ဗိုလ်ချုပ်မှူးကြီး စာပို့

ဓာတ်ပုံ - Senior General Min Aung Hlaing facebook
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာလူငယ်နှစ်ဦးအမှုကို ပြန်ဆန်းစစ်သုံးသပ်ပေးဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ်တို့ထံ စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက် ရက်စွဲနဲ့ပေးပို့ခဲ့တဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာထဲမှာ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရရဲ့  တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို လေးစားပါတယ်၊ ဒါပေမယ့်  သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုတယ်၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုး မဖြစ်စေရန် အရေးကြီးပါတယ်၊ စီရင်ချက် ချမှတ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်းပြီး  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တည်ရှိနေသော ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ရှေးရှုကာ တရားဥပဒေအရ ညီညွတ်မျှတစွာ အကောင်းဆုံး ဖော်ဆောင်အလေးထား ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်လို့ ဖော်ပြထားပါတယ်။ သူက ထိုင်းနိုင်ငံ အစိုးရ၀န်ကြီး ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ် General Sommai Kaotira တို့ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးကတဆင့် စာရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာလည်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလားတူ ထုတ်ပြောဖူးပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာပဲ မြန်မာအစိုးရက ထိုင်းအစိုးရကို  မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထောက်ထားပြီး မြန်မာလူငယ်ဦးရဲ့ သေဒဏ်အပေါ်  ပြန်သုံးသပ် လုပ်ဆောင်ပေးဖို့ သံတမန်နည်းလမ်းနဲ့ ပြောဆိုတိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up