A d v e r t i s e m e n t With Us

မန်စီးတီး ၄-၁ ဆန်းဒါးလန်း၊ လီဗာပူး ၁-၀ လက်စတာ (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီး မန်စီးတီးအသင်းက ဆန်းဒါးလန်းအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို  စတားလင်း၊ ယာယာတိုရေး၊ ဘိုနီနဲ့ ကယ်ဗင်တို့က ၁၂၊ ၁၇၊ ၂၂ နဲ့ ၅၄ မိနစ်တွေမှာ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ ဘိုရီနီက သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းက အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး ဆန်းဒါးလန်းအသင်းကတော့ အဆင့် ၁၉ တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ တခြားတဖက်မှာ လီဗာပူးအသင်းက ဇယားထိပ်ဆုံးက လက်စတာစီးတီးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ လီဗာပူးအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ ဘန်တီကီက သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေပြီး လက်စတာအသင်းက ဒီပွဲရှုံးနိမ့်ခဲ့ပေမယ့် အာဆယ်နယ်အထက် ၂ မှတ်အသာနဲ့ ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up