Home
မြန်မာသတင်း
ဘုရားသုံးဆူနယ်စပ်ဂိတ် မြန်မာဘက်ခြမ်းတွင် ဆန္ဒပြ (ရုပ်သံ)
DVB
·
December 26, 2015
ထိုင်းနိုင်ငံမှာ သေဒဏ် အမိန့်ချခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦး လွတ်မြောက်ရေးအတွက် ထိုင်း-မြန်မာ ဘုရားသုံးဆူနယ်စပ်ဂိတ် (မြန်မာ) ဘက်မှာ လူဦးရေ ၄၀၀ လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက နေ့ခင်း ၁၂ နာရီလောက်က မြန်မာနိုင်ငံသား ၂ ဦးကို လွှတ်ပေးရေး အပါအ၀င် ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာလို့ ထိုင်းမန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရက လုံခြုံရေး ယူပေးထားတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားကြောင်း၊ ထိုင်းအစိုးရကလည်း နယ်စပ်ဒေသမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ သတင်းက ဆိုပါတယ်။ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိုလည်း မြန်မာအစိုးရဘက်က ယာယီပိတ်ထားသလို ထိုင်းနိုင်ငံဘက်အခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း  နေရပ်ကို ပြန်နေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ရေးအတွက် ဒီနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့က  မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို ဗြိတိန်နိုင်ငံသား ၂ ဦးအား သတ်ခဲ့တဲ့အမှုနဲ့ ကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024