A d v e r t i s e m e n t With Us

အကြမ်းဖက်အဖွဲ့ပိုင် ရေနံတင်ကား ၂၀၀၀ ခန့်ကို လေကြောင်းဖြင့် တိုက်ခိုက် (ရုပ်သံ)

ဆီးရီးယား နိုင်ငံတွင်းက တရားမဝင် ရေနံကုန်ကူးမှု လမ်းကြောင်းဖြစ်တဲ့ အစွန်းရောက်တွေ ပိုင်တဲ့ ရေနံတင်ကား အစီးရေး ၂၀၀၀ နီးပါးကို လေကြောင်းတိုက်ခိုက်မှု နဲ့ ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စစ်ဆင်ရေးညွှန်ကြားမှု ဦးစီးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ဆာဂီ ရုစ်ကွေက စက်တင်ဘာ ၃၀ ကနေ ခုထိ ရုရှားလေတပ်ဟာ လေကြောင်း ပစ်ခတ်မှုအကြိမ်ပေါင်း ၅၂၄၀ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ အခြေခံအဆောက်အဦတွေ၊ သင်တန်းအခြေစိုက်စခန်းတွေ၊ စစ်ဘက် ပစ္စည်းကရိယာတွေနဲ့ အကြမ်းဖက်သူတွေကို ဖျက်ဆီးခဲ့ပြီးပြီလို့ ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေရဲ့ တိကျမှု သေချာစေဖို့ စောင့်ကြည့်မှု အဆင့်ဆင့်ကိုလည်း ကာကွယ်ရေးဝန်ကြီးက စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။ အစွန်းရောက်အုပ်စုတွေနဲ့အတူ တရားမဝင် ကုန်သွယ်မှုမှာပါတဲ့ ဘယ်နိုင်ငံမဆို အစွန်းရောက်ဝါဒကို အားပေးရာ ရောက်ကြောင်း၊ ရုရှားဟာ ဒီလို လုပ်ဆောင်ချက်တွေကို ဆက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး တခြားနိုင်ငံတွေနဲ့လည်း ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို မျှဝေဖို့ ပြင်ဆင်နေတယ်လို့ ဒုဗိုလ်ချုပ်ကြီးက ဆက်ပြော ပါတယ်။ ရုရှားလေတပ်ဟာ အကြမ်းဖက်သမားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ကျနော်တို့ ကတိပြုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up