Home
မြန်မာသတင်း
မြန်မာနှစ်ဦး လွတ်မြောက်ရေး ကျောက်ဖြူတွင် ဆုတာင်းပွဲပြုလုပ်
DVB
·
December 26, 2015
12391889_510968095731695_1838735818529552444_n
10172722_510968219065016_6961727181455094112_n
1917658_510968239065014_4911521108813956130_n
946481_510968155731689_5474167016524966493_n
166585_510968119065026_4627043124179665104_n
7837_510968199065018_6853955208852990097_n
ထိုင်းနိုင်ငံမှာ  သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦး လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကံ့ကော်တောဘုရားမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်ရှေ့မှာ လူစုပြီး ကား၊ ဆိုင်ကယ်တွေနဲ့ ၅ မိုင်လောက်ဝေးတဲ့ ကံ့ကော်တောဘုရားကို လူပေါင်း ၂၀၀ လောက် သွားရောက်ဆုတောင်းခဲ့ကြတာပါ။ ဆုတောင်းပွဲမှာ မတရားချုပ်နှောင်ခံထားရတဲ့ “ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း အမြန်လွတ်ပါစေ၊ ဘေးရန်ကင်းပါစေ” လို့ ဆုတောင်းခဲ့ကြပြီး သစ်သီးဆွမ်းနဲ့ ဆီမီးပူဇော်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ သေဒဏ်ချမှတ်ခံ မောင်ဝင်းဇော်ထွန်းရဲ့ မိသားစုဝင်တွေလည်း လာရောက်ဆုတောင်းခဲ့ကြပါတယ်။ မတရားချုပ်နှေင်ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားနှစ်ဦး လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး ကျောက်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ထွန်းထွန်းနိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024