A d v e r t i s e m e n t With Us

နေ့လယ် ၂ နာရီ လူစုခွဲပေးရန် ရဲတပ်ဖွဲ့ ပြော

ရန်ကုန်မြို့ မနောဟရီလမ်း ထိုင်းသံရုံးအနီး ပြည်လမ်းထောင့်မှာ ဒီနေ့ လာရောက်ဆန္ဒပြနေတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့က နေ့လယ် ၂ နာရီ လူစုခွဲ့ပေးဖို့ ပြောကြားထားပါတယ်။ ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးက မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီ ပြန်လည်စီရင်ပေးဖို့ လာရောက်ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိဖြစ်ပါတယ်။ ဒီနေ့ လာရောက်ဆန္ဒပြသူ ၁၀၀ ကျော်ရှိပြီး ထိုင်းတရားစီရင်မှု အလိုမရှိ အလိုမရှိ we want Justice ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ လွတ်မြောက်ရေး ဒို့အရေးဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြပါတယ်။ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ  ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုရင်ဆိုင်ခဲ့ကြရတဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်နှင့် အောင်သူ    

A d v e r t i s e m e n t With Us

More News
Up