ရာသီအဆုံးသတ်တွင် နံပါတ် ၄ နေရာဝင်ရန် ခက်ခဲဟု ချဲလ်ဆီးနည်းပြပြော

ရာသီအကုန်မှာ ဇယားနံပါတ် ၄ နေရာအတွင်း ၀င်ရောက်နိုင်ဖို့ ခက်ခဲတယ်လို့ အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြ ဟစ်ဒင့်က ပြောပါတယ်။ ဒါအပြင် အသင်းရဲ့ ကစားပုံကလည်း အလျင်အမြန် တိုးတက်လာမှာ မဟုတ်သလို သူ့ကို ခန့်အပ်တာကလည်း ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဟစ်ဒင့်က ပြောပါတယ်။ ပရီးမီးယားလိဂ် နံပါတ် ၄ နေရာအတွင်း ၀င်ရောက်မှသာ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ကို ၀င်ရောက်ကစားခွင့်ရမှာ ဖြစ်ပြီး ဒါဟာ အဓိက ပစ်မှတ်ဖြစ်ပေမယ့် မလွယ်ကူဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း သချာင်္သဘောတရားအရ အဆင့် ၄ နေရာအတွင်း ၀င်ရောက်ဖို့ကတော့ ဖြစ်နိုင်ချေရှိနေတယ်လို့ သူက ပြောပါတယ်။ ဟစ်ဒင့်အသင်းကို ပထမဆုံးတာဝန်ယူတဲ့အချိန်မှာ ချဲလ်ဆီးအသင်းဟာ ၀က်ဖိုဒ်အသင်းနဲ့ကစားရမှာ ဖြစ်ပါတယ်။ မော်ရင်ဟို ထွက်ခွာသွားပြီးတဲ့နောက် ချဲလ်ဆီးအသင်းဟာ ဆန်းဒါးလန်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up