လေကြောင်းတိုက်ခိုက်မှုအတွင်း ဆီးရီးယား သူပုန်ခေါင်းဆောင် သေဆုံး (ရုပ်သံ)

910
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ အရှေ့ဘက် ဆင်ခြေဖုံးက အားအကောင်းဆုံး သူပုန်အုပ်စု ခေါင်းဆောင်တဦးဟာ အုပ်စုရဲ့ ဗဟိုဌာနချုပ်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ သူပုန်သတင်းရင်းမြစ်နဲ့ ဆီးရီးယား စစ်တပ်တို့ ဒီဇင်ဘာ ၂၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
အသက် ၄၄ နှစ် အရွယ် ဇာရန် အာလုရှ် သေဆုံးမှုဟာ ဒမတ်စကတ် အရှေ့ဘက် ဆင်ခြေဖုံးကို ထိန်းချုပ်ထားတဲ့ သူပုန်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။
သူပုန်အုပ်စုတွေကြား ဖရိုဖရဲ ဖြစ်မှုကြောင့် သမ္မတ အာဆတ်ရဲ့ ဒေသတွင်း ထိန်းချုပ်မှု စုစည်းကျစ်လစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ကာကွယ်ရေး ပညာရှင်တွေက ပြောပါတယ်။
ဆီးရီးယား ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ရှိတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် အသေးစိတ်ကို အခြေခံပြီး စောင့်ကြည့် လှုပ်ရှားတဲ့ စစ်ဆင်ရေး ကွင်းဆက်တွေကြောင့် ဆီးရီးယားစစ်တပ်ဟာ ဒမတ်စကတ် ဆင်ခြေဖုံးက အကြမ်းဖက် အုပ်စုတွေနဲ့ သူတို့ရဲ့ ဗဟိုဌာနချုပ်တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ပြီးစီးခဲ့တယ်လို့ ဆီးရီးယားစစ်တပ် ပြောခွင့်ရက ရုပ်သံကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။
[caption id="attachment_128510" align="alignright" width="830"]
သူပုန်ခေါင်းဆောင်[/caption]ဆီးရီးယားသမ္မတရဲ့ မဟာမိတ် ရုရှားက စက်တင်ဘာ ၃၀ မှာ စတင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သူပုန်ခေါင်းဆောင် အတော်များများ သေဆုံးခဲ့ပြီးပါပြီ။ ရုရှားကတော့ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။
သူပုန်သတင်းရင်းမြစ်တွေကတော့ သူတို့အုပ်စုရဲ့ လျှို့ဝှက်ဌာနချုပ်ကို စီးနင်းမှုအတွင်း ရုရှားလေယာဉ်တွေက ဒုံးကျည် အနည်းဆုံး ၁၀ ခုနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ဌာနချုပ်ဟာ ဒေသတွင်း အကြီးဆုံး သူပုန် အုပ်စုဖြစ်ပြီး တိုက်ခိုက်ရေးသမား အယောက် ၁ သောင်းခွဲကနေ ၂ သောင်းထိ ရှိတယ်လို့ အနောက်အုပ်စု ထောက်လှမ်းရေးတွေက ပြောပါတယ်။
ဆီးရီးယား အစိုးရက မြေပြင်ပေါ်က ထောက်လှမ်းရေး ရလဒ်ကြောင့် သူပုန်ခေါင်းဆောင် သေတာလို့ ပြောပါတယ်။
ဒါပေမယ့် သူပုန်တွေကတော့ ရုရှားရဲ့ ခေတ်မီဆန်းပြားတဲ့ ကင်းထောက်လေယာဉ်တွေဟာ ဌာနချုပ်ကောင်းကင်ကနေ မထွက်တမ်း ပျံဝဲသွားခဲ့တယ်လို့ ပြောဆိုပြစ်တင်ခဲ့ပါတယ်။