သေဒဏ်ကျခံ မြန်မာ ၂ ဦးကို လုံခြုံရေးတင်းကျပ်သည့်ထောင် ပြောင်းမည်
DVB
·
December 26, 2015
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်းနဲ့ ဝေဖြိုးတို့ကို ထောင်ပြောင်းမှာ ဖြစ်ပါတယ်။
ကော့စမွိုင်အကျဉ်းထောင်ကနေ လုံခြုံရေး ပိုမိုတင်းကျပ်တဲ့ နခေါင်ဆီသာမာရတ်ထောင်ကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
လုံခြုံရေးအကြောင်းပြချက်ကြောင့် ပြောင်းရွှေ့ရမယ့်ရက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ကောစမွိုင်အကျဉ်းထောင်က သေဒဏ်ကျခံတဲ့သူတွေကို ထားရှိဖို့ အခြေအနေမရှိတဲ့အတွက် တခြားအကျဉ်းထောင်ကို ပြောင်းရွှေ့ရမယ်လို့ ကောစမွိုင်အကျဉ်းထောင် အကြီးအကဲနဲ့ စကားပြောခဲ့တဲ့ မြန်မာ ၂ ဦးအရေး ဆောင်ရွက်ပေးနေတဲ့ အင်ဒီဟောရဲ့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။
လုံခြုံရေး ပိုမိုကောင်းမွန်တဲ့အကျဉ်းထောင်ကို ရောက်ရင်တော့ သူတို့ ၂ ဦးကို ချည်နှော်င်ထားတဲ့ ခြေကျဉ်းတွေကိုလည်း ဖြုတ်ပေးမယ်လို့ ဆိုပါတယ်။