ခရစ္စမတ်နေ့တွင် လေ့ကျင့်ခန်းဆင်းရသည့် အာဆင်နယ်အသင်း

547
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ တခြားကလပ်အသင်းက ဘောလုံးသမားတွေက မိသားစု အပေါင်းအသင်းတွေနဲ့ အချိန်ကို ဖြတ်သန်းနေပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ် ကစားသမားတွေကတော့ လေ့ကျင့်ခန်းဆင်းနေရပါတယ်။
ဒီဇင်ဘာ ၂၆ ရက် ဘောက်ဆင်ဒေးမှာ ဆောက်သင်တန်နဲ့ကစားရမယ့် ပွဲအတွက် နည်းပြ အာဆင်ဝင်းဂါးက အကြိုပြင်ဆင်မှုတရပ်နဲ့ အခုလို ကစားသမားတွေကို လေ့ကျင့်ခန်း ဆင်းခိုင်းထားတာ ဖြစ်ပါတယ်။
နည်းပြအာဆင်ဝင်ဂါးရဲ့ အာဆင်နယ်အသင်းဟာ ဆောက်သင်တန် စိန့်မေရီမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ဆန်းချက်ဇ်တယောက်ကလွဲလို့ ကစားသမားတွေအားလုံးရဲ့ ကြံ့ခိုင်ရေးအခြေအနေက ကောင်းမွန်နေပါတယ်။
နော့ဝစ်ခ်ျနဲ့ သရေကျတဲ့ပွဲမှာ ဆန်းချက်ဇ်က တံကောက်ကြော ဒဏ်ရာရခဲ့ပြီး သူမပါဝင်ပေမယ့်လည်း အာဆင်နယ်အသင်းက ၄ ပွဲဆက်အနိုင်ရထားတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၁၇ပွဲကစားပြီး ပထမနေရာက လက်စတာနဲ့ ၂ မှတ်အကွာ ၃၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။