Home
မြန်မာသတင်း
လိပ်ကျွန်း ညှဉ်းပန်းနှိပ်စက်မှု လွတ်လပ်စွာ စစ်ဆေးရန် လွတ်ငြိမ်းအဖွဲ့ပြော
DVB
·
December 25, 2015
လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာ ၂ ဦးကို သေဒဏ် အပြစ်ပေးလိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လွတ်လပ်ပွင့်လင်းစွာ စုံစမ်းပေးဖို့ ထိုင်းနိုင်ငံတာဝန်ရှိသုတွေကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (အေအိုင်)က တောင်းဆိုလိုက်ပါတယ်။ ကောစမွိုင်ခရိုင်တရားရုံးက ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလာနဲ့ ဟန်သာ ၀ှစ်သာတို့ကို သတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အမိန့်ချမှတ်အပြီး အခုလို တောင်းဆိုလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးစဉ်မှာ ထိုးနှက်ကန်ကျောက်တာ၊ လျှပ်စစ်နဲ့ ရှောခ့်ဖြစ်အောင်လုပ်တာစတဲ့ ညှင်းပန်းနှိပ်စက်မှုတွေလုပ်ပြီး ၀န်ခံခိုင်းခဲ့တယ်လို့မြန်မာ ၂ ဦးက ပြောဆိုထားတဲ့အပေါ် စစ်ဆေးပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အမှုကို ပြန်လည် ကြားနာစစ်ဆေးရာမှာ ညှဉ်းပန်းနှိပ်စက်ရာကနေ ရလာတဲ့ ၀န်ခံချက်တွေကို တရားရုံးမှာ သက်သေအဖြစ် မတင်ဖို့ ထိုင်းတာဝန်ရှိသူတွေက သေချာအောင်လုပ်ရမယ်လို့ အရှေ့တောင်အာရှ ပစိဖိတ်ဆိုင်ရာ အေအိုင် ညွန်ကြားရေးမှူး ချန်ပပတ်တဲလ်က ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့တွေက ညှဉ်းပန်းနှိပ်စက်တာနဲ့ တခြားနည်းမျိုးမျိုးသုံးပြီး ၀န်ခံခိုင်းတဲ့ မှတ်တမ်းတွေရှိနေတယ်လို့လည်း ဆိုပါတယ်။ မြန်မာ ၂ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ်လည်း စိုးရိမ်ပူပန်မိတယ်လို့ အေအိုင်အဖွဲ့က ဆိုပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက သေဒဏ်စီရင်တာကို မလုပ်ဆောင်ခဲ့သလို ၂၀၁၅ ခုနှစ် သေဒဏ်ကို ပယ်ဖျက်ဖို့ ထိုင်းတာဝန်ရှိတွေက အာမခံခဲ့ပေမယ့် သေဒဏ်ပေးတဲ့ အရေအတွက်က မြင့်မားလာတယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024