A d v e r t i s e m e n t With Us

ဆော်ဒီတောင်ပိုင်း ဆိပ်ကမ်းမြို့ရှိ ဆေးရုံ မီးလောင်၊ ၂၅ ဦးသေဆုံး

ဓာတ်ပုံ - Saudi Press Agency
ဆော်ဒီအာရေဗျနိုင်ငံတောင်ပိုင်း ဂျာဇန် (Jazan) ဆိပ်ကမ်းမြို့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက မြို့နယ်ဆေးရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူ ၂၅ ဦး သေဆုံးသွားတယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ ဆေးရုံ အရေးပေါ်လူနာဌာနနဲ့ သားဖွားဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး လူ ၁၀၀ ကျော်လည်း ဒဏ်ရာရရှိသွားကြတယ်လို့ ဂျာဇင်မြို့ခံ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ အခုတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို စုံစမ်းနေပါတယ်။ ၀ါယာရှော့ကနေ မီးစတင်လောင်ကျွမ်းတာဖြစ်နိုင်ပြီး မိနစ်ပိုင်းအတွင်း ကူးစက်လောင်ကျွမ်းကုန်တယ်လို့ မျက်မြင်ကိုယ်တွေ့တဦးက ပြောဆိုပါတယ်။ ဒဏ်ရာရသူတွေကိုတော့ တခြားဆေးရုံတွေမှာ ဆေးကုသပေးနေတယ်လို့ ပြည်သူကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ဆိုပါတယ်။ မြို့ခံမီးသတ်တပ်ဖွဲ့ဝင်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၂၁ ယောက်လောက် သွားရောက် မီးငြိမ်းသတ်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up